ရောမမြို့အခြေစိုက် အမြဲတမ်းလူထုခုံရုံးမှ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ကချင်လူမျိုးများ၊ ရိုဟင်ဂျာများနှင့် အခြားအုပ်စုများအပေါ် ကျူးလွန်ခဲ့သော ရာဇဝတ်မှု စွဲချက်များအတွက် ခုခံကာကွယ်ရန် ကိုယ်စားလှယ်စေလွှတ်ပေးရန် ဖိတ်ခေါ်
ရောမမြို့အခြေစိုက် အမြဲတမ်းလူထုခုံရုံးမှ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ကချင်လူမျိုးများ၊ ရိုဟင်ဂျာများနှင့် အခြားအုပ်စုများအပေါ် ကျူးလွန်ခဲ့သော ရာဇဝတ်မှူ စွဲချက်များအတွက် ခုခံကာကွယ်ရန် ကိုယ်စားလှယ်စေလွှတ်ပေးရန် ဖိတ်ခေါ်။
အမြဲတမ်းလူထု၏ ခုံရုံး
တည်ထောင်သူ………လယ်လီယို ဘက်ဆို
ဥက္ကဌ
ဖရန်ကို အစ်ပေါ်လစ်တို (အီတလီ)
အတွင်းရေးမှူး
ဂီယိုင်နီ တော့ဂ်နိုနီ (အီတလီ)
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
ကာကွယ်ရေးဦးစီးချုပ်၊
တပ်မတော် (မြန်မာ့လက်နက်ကိုင်တပ်ဖွဲ့)
တဆင့်/-
အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော
သံအမတ်ကြီး ဦးညွန့်လှိုင်
Villa Myanmar
Viale Cortina D’Ampezzo.No.50
00135, ရောမမြို့၊ အီတလီ။
ရောမမြို့၊ သြဂုတ်လ ၅ ရက်၊ အီတလီ။
အကြောင်းအရာ ။………..။ မြန်မာပြည်တွင်းရှိ ရိုဟင်ဂျာများ၊ ကချင်များ နှင့် အခြားအုပ်စုများအပေါ် နိုင်ငံတော်က ကျူးလွန်သည့်ရာဇဝတ်မှုစွဲချက်များအတွက် ကျင်းပသော နောက်ဆုံးတရားခွင်သို့ အသိပေး ဖိတ်ကြားချက်။
လူကြီးမင်းခင်ဗျား
၂၀၁၇ ခုနှစ်၊ မတ်လ ၆ ရက်နှင့် ၇ ရက်တို့တွင် လန်ဒန်၌ ကျင်းပခဲ့သော “မြန်မာပြည်တွင်းရှိ ရိုဟင်ဂျာများ၊ ကချင်များ နှင့် အခြားအုပ်စုများအပေါ် နိုင်ငံတော်က ကျူးလွန်သည့်ရာဇဝတ်မှုစွဲချက်များ” အဖွင့်တရားခွင်၏ နောက်ဆက်တွဲအဖြစ် လာမည့် စက်တင်ဘာလ ၁၈-၂၂ ကွာလာလမ်ပူမြို့တွင် အများပြည်သူရှေ့မှောက်ကြားနာမှုအခမ်းအနားများ ပြုလုပ်သွားမည်ဖြစ်ကြောင်း အမြဲတမ်းလူထု၏ တရားရုံးမှ လူကြီးမင်းအား အချိန်မီ အကြောင်းကြားသိစေအပ်သည်။ ထိုအခမ်းအနားများတွင် တရားရုံးမှလက်ခံကြားနာသော ခေါင်းစဉ်များ၌ စစ်ဆေးတွေ့ရှိချက်များနှင့်အတူ တဦးချင်း၏ သက်သေထွက်ဆိုချက်များ၊ ကျွမ်းကျင်သူများ၏ အစီရင်ခံစာများကို တင်ပြသွားမည်ဖြစ်သည်။
အမြဲတမ်းလူထု၏ခုံရုံးမှ သင်ညွှန်းဆိုသော အချိန်နှင့်သတ်မှတ်ချက်တို့အတိုင်း လုပ်ရိုးရုပ်စဉ်တရားခံအခွင့်အရေးအရ ဖိတမကြားချက်ကို ပြုလုပ်ရန် အတည်ပြုသည်။ အပြည်ပြည်ဆိုင်ရာ လမ်းညွှန်ကော်မတီနှင့် အထွေထွေအတွင်းရေးမှူးအဖွဲ့မှ သဘောတူခွင့်ပြုချက်ရသည်နှင့်တပြိုင်နက် ပိုမို၍ အသေးစိတ်သော အစီအစဉ်ခေါင်းစဉ်များနှင့် တရားခွင်အချိန်တို့ကို သင့်ထံအကြောင်းကြားမည်။ အသေးစိတ်အချက်အလက်များအတွက် ထိုအဖွဲ့များထံတွင် သင်စုံစမ်းနိုင်သည်။
သင့်အကြောင်းပြန်ချက်ကို မျှော်လင့်ပါသည်။ သင်၏ တက်ရောက်ရန်ကိစ္စအပေါ် အပေါင်းလက္ခဏာဆောင်သော တုန့်ပြန်မှုကို လက်ခံရရှိမည်ဟု မျှောင်လင့်ပါသည်။ သင်၏ အာရုံပေးမှုအတွက် ကျေးဇူးတင်ပါသည်။
ဂီယိုင်နီ တော့ဂ်နိုနီ
အတွင်းရေးမှူးချုပ်၊ အမြဲတမ်းလူထု၏တရားရုံး။
Secretary General of PPT
General Secretariat: VIA DELLA DOGANA VECCHIA 5 – 00186 ROME TEL:0039 0668801468 – FAX:0039 066877774
E-mail: ppt@permanentpeoplestribunal.org
Web: http://permanentpeoplestribunal.org